Submitted by cwmsco1 on Wed, 01/11/2017 - 11:12

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် Soros Fund Management ဥက္ကဋ္ဌ Mr. George Soros နှင့်အဖွဲ့အား တွေ့ဆုံ

နေပြည်တော်  ဇန်နဝါရီ ၁၁

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်သည် Soros Fund Management ဥက္ကဋ္ဌ Mr. George Soros နှင့် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ဘတ်ဂျက်ရေးဆွဲရေးဆိုင်ရာကိစ္စ၊ အခွန်ကောက်ခံမှုကိစ္စ၊  မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်လျှော့ချရေးနှင့် သုံးစွဲသူများအား ပြန်လည်ထူထောင်ရေးကိစ္စ၊ ကျောက်မျက် တူးဖော်ထုတ်လုပ်မှုလုပ်ငန်းကိစ္စရပ်များတွင်  နည်းပညာ အကူအညီများ ပံ့ပိုးပေးနိုင်ရေး ဆွေးနွေးကြသည်။