Submitted by cwmsco1 on Fri, 01/06/2017 - 09:20

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့အား တွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ ၆

န်ိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်သည် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး အဖွဲ့ဥက္ကဋ္ဌ အငြိမ်းစားသံအမတ်ကြီး ဦးညွန့်မောင်ရှိန် ဦးဆောင်သောအဖွဲ့ဝင်များအား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ဥက္ကဋ္ဌ အငြိမ်းစားသံအမတ်ကြီး ဦးညွန့်မောင်ရှိန်က မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့၏ လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်လျက်ရှိသော နိုင်ငံတကာနှင့် ဒေသဆိုင်ရာ သုတေသနလုပ်ငန်းများကို ရှင်းလင်း တင်ပြသည်။

 

ထို့နောက် အငြိမ်းစားသံအမတ်ကြီး ဦးညွန့်မောင်ရှိန်နှင့် အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဦးအေးလွင်တို့က ကိုယ်ပိုင်စုဆောင်းထားသည့် မြန်မာ့နိုင်ငံခြားဆက်ဆံရေး ဆိုင်ရာ မှတ်တမ်းများကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးအပ်လှူဒါန်းခဲ့သည်။

 

ယင်းတွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်၊ အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျ၊ နိုင်ငံခြားရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြသည်။