ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
 နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ ဖွဲ့စည်းခြင်း

ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ခြင်း များ ဆောင်ရွက်နိုင်ရန်အတွက် “ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ” ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-
(၁) ဦးခင်မောင်တင် ဥက္ကဋ္ဌ (ဒုတိယဝန်ကြီးနိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန)
(၂) ဗိုလ်ချုပ်စိုးနိုင်ဦး ဒုတိယဥက္ကဋ္ဌ(ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း))
(၃) ဦးကျော်စိုးအဖွဲ့ဝင်(ဦးဆောင်ညွှန်ကြားရေးမှူးသတင်းနှင့်စာနယ်ဇင်းလုပ်ငန်းပြန်ကြားရေးဝန်ကြီးဌာန)
(၄) ဒေါ်အေးအေးစိုး အဖွဲ့ဝင်(ဒုတိယညွှန်ကြားရေးမှူးချုပ်နိုင်ငံခြားရေးဝန်ကြီးဌာန)
(၅) ရဲမှူးကြီး မျိုးသူစိုး အဖွဲ့ဝင်(ပြည်ထဲရေးဝန်ကြီးဌာန)

(၆) ဦးဇော်ဝင်းအောင် အဖွဲ့ဝင်(ညွှန်ကြားရေးမှူးနယ်စပ်ရေးရာဝန်ကြီးဌာန)

(၇) ဦးဇော်ဌေး အတွင်းရေးမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်နိုင်ငံတော်သမ္မတရုံး)