Submitted by cwmsco2 on Mon, 07/17/2017 - 16:15

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရို၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံဆိုင်ရာ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး သံအမတ်ကြီး မစ္စတာ ဂျိုးဇက်ဝိုင်၊ ယွန်း အားလက်ခံတွေ့ဆုံ

နေပြည်တော် ဇူလိုင် ၁၇

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရို၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံဆိုင်ရာ ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး သံအမတ်ကြီး မစ္စတာ ဂျိုးဇက်ဝိုင်၊ ယွန်း အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာ- အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို  ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။