Submitted by cwmsco2 on Tue, 07/11/2017 - 15:16

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘောဒီးယား ဝါရင့်ဝန်ကြီး မစ္စတာ ပရတ်ဆုတ်ခွန်း အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇူလိုင် ၁၁

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘောဒီးယားနိုင်ငံ ဝါရင့်ဝန်ကြီး နိုင်ငံခြားရေးနှင့် အပြည် ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနဝန်ကြီး မစ္စတာ ပရတ်ဆုတ်ခွန်း အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား မွန်-ခမာ ယဉ်ကျေးမှုအား ပြန်လည်ဖော်ထုတ်သွား ရေး၊ နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးနှင့် မြန်မာနိုင်ငံမှ စိုက်ပျိုးရေးထွက်ကုန်များ ကမ္ဘောဒီးယားနိုင်ငံသို့ တင်ပို့နိုင်ရေး အစီအစဉ် များကို ဆွေးနွေးခဲ့ကြသည်။