Submitted by cwmsco3 on Thu, 07/06/2017 - 09:32

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးနှင့် ကမ္ဘာ့ဘဏ်၏ မြန်မာ၊ လာအို၊ ကမ္ဘောဒီယားနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး တို့အား လက်ခံတွေ့ဆုံ


နေပြည်တော် ဇူလိုင် ၅

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi အား ယနေ့မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ သည်။

တွေ့ဆုံစဉ် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံ၌ လူသားချင်းစာနာမှုအကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ မြန်မာနိုင်ငံ နှင့် UNHCR တို့အကြား ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အလားတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ဘဏ်၏ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီယားနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Ms. Ellen Goldstein အား မွန်းလွဲ (၃)နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအကျိုး သက်ရောက်မှု ရှိစေမည့် လျှပ်စစ်ဓာတ်အားရရှိရေး၊ လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်ရေး နှင့် အာဟာရ ပြည့်ဝမှု ရရှိစေရေး စသည့်ကဏ္ဍများတွင် မြန်မာနိုင်ငံနှင့် ကမ္ဘာ့ဘဏ်တို့အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ခဲ့ကြသည်။