Submitted by cwmsco2 on Tue, 07/04/2017 - 19:21

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နီပေါလွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇူလိုင် ၃

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် နီပေါလွှတ်တော်က်ိုယ်စားလှယ် Mr. Madhav Kumar Nepal (နီပေါဝန်ကြီးချုပ်ဟောင်း) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ငြိမ်းချမ်းရေးတည်ဆောက်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ် ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ နီပေါဝန်ကြီးချုပ်ဟောင်းနှင့်အတူ Universal Peace Federation (UPF)မှ ဥက္ကဋ္ဌ Dr. Thomas G. Walsh, Ph.D နှင့် ကိုယ်စားလှယ်များ၊ နီပေါ လွှတ်တော်ကိုယ်စားလှယ် Mr. Ek Nath Dhakal နှင့် မြန်မာနိုင်ငံဆိုင်ရာ နီပေါ သံအမတ်ကြီး H.E. Mr. Bhim K. Udas တို့ တက်ရောက်သည်။