နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အကြိမ်(၃၀)မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်
Sat, 04/29/2017 - 13:01
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတနှင့် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ဘုရင်တို့အား သီးခြားစီတွေ့ဆုံ
Sat, 04/29/2017 - 12:58
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ဧပြီ ၂၉ ရက်တွင်ကျင်းပမည့် အကြိမ်(၃၀) မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ထွက်ခွာပြီး ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် မနီလာမြို့သို့ ရောက်ရှိကြရာ ဖိလစ်ပိုင်နိုင်ငံ ကျန်းမာရေးဝန်ကြီး Ms. Paulyn Jean B. Russel Ubial ၊ အကြိမ် (၃၀) မြောက်အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ကြိုတင်ရောက်ရှိနေသည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဝင်းနိုင် ၊ စစ်သံမှူး ဗိုလ်မှူးကြီး ၀င်းမြတ်နှင့် တာဝန်ရှိသူများ က Nino Aquino အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
Fri, 04/28/2017 - 18:21
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေးဗဟိုကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေး ခန်းမ၌ကျင်းပရာ ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် တက်ရောက်အမှာစကားပြောကြားသည်။
Thu, 04/27/2017 - 17:09